Beyond Academics

BRIGHTWAY တွင် ပညာရေးဆိုသည်မှာ စာသင်ခန်းထဲက သင်ယူမှုများထက် ပိုမိုကျယ်ပြန့်ရုံသာမက အနာဂတ်ပညာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဘဝခရီးလမ်းများတွင် အောင်မြင်နိုင်ရန် လိုအပ်သော အသိပညာ၊ အတွေ့အကြုံ၊ ယုံကြည်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များကို တစ်ပြိုင်နက် တည်ဆောက်ပေးခြင်းဖြစ်သည်ဟု ယုံကြည်ပါသည်။
ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် BRIGHTWAY ၏ Signature Monthly Event အဖြစ် BRIGHTWAY IMPACT FRIDAY ကို ဖန်တီးထားပါသည်။
BRIGHTWAY IMPACT FRIDAY သည် လစဉ် ပထမဆုံးသော Friday တွင် ကျင်းပသော အထူးအစီအစဉ်တစ်ခုဖြစ်ပြီး Academic Learning ကို ကျော်လွန်၍ လက်တွေ့ဘဝတွင် အောင်မြင်ရန် လိုအပ်သော Soft Skills ၊ Leadership Mindset ၊ Personal Growth နှင့် Networking Opportunities များကို ဖွံ့ဖြိုးတိုးတက်စေရန် ဖန်တီးပေးထားသည့် ထူးခြားသော Event တစ်ခုဖြစ်ပါသည်။
ကျွန်ုပ်တို့၏ BRIGHTWAY Impact Friday တွင် ပါဝင်သူတိုင်း တွေ့ကြုံခံစားရမည့် ဖွံ့ဖြိုးတိုးတက်မှု ၅ ရပ်
Guest Speakers, Alumni, Industry Professionals နှင့် Trainers များထံမှ အသိပညာ၊ အတွေ့အကြုံနှင့် လက်တွေ့ဘဝသင်ခန်းစာများကို သင်ယူနိုင်ပါသည်။
အတွေ့အကြုံများ၊ အမြင်များနှင့် သင်ယူမှုများကို အခြားသူများနှင့် မျှဝေရင်း Communication Skills နှင့် Public Speaking Skills များကို တိုးတက်စေသည်။
Interactive Discussions နှင့် Development Activities များမှတစ်ဆင့် Critical Thinking, Problem Solving, Leadership နှင့် Self-Confidence တို့ကို မြှင့်တင်နိုင်ပါသည်။
သူငယ်ချင်းအသစ်များ၊ Alumni များ၊ Speakers များနှင့် ချိတ်ဆက်ကာ အနာဂတ်အတွက် အရေးကြီးသော Network များ တည်ဆောက်နိုင်သည်။
Team Challenges, Interactive Games နှင့် Group Activities များမှတစ်ဆင့် ပျော်ရွှင်ဖွယ် သင်ယူမှုအတွေ့အကြုံများကို ရရှိစေပြီး Teamwork နှင့် Creativity ကို ဖွံ့ဖြိုးတိုးတက်စေသည်။




ယနေ့ခေတ်တွင် Academic Excellence တစ်ခုတည်းဖြင့် မလုံလောက်တော့ပါ။ အောင်မြင်သော လူငယ်တစ်ဦးဖြစ်လာရန် အသိပညာအပြင် မိမိကိုယ်ကို ယုံကြည်မှု၊ ဆက်သွယ်ပြောဆိုနိုင်မှု၊ ဦးဆောင်နိုင်မှု၊ ပူးပေါင်းလုပ်ဆောင်နိုင်မှုနှင့် အနာဂတ်အတွက် အဆင်သင့်ဖြစ်နေမှုတို့သည်လည်း အရေးကြီးပါသည်။
BRIGHTWAY IMPACT FRIDAY သည် ကျောင်းသား၊ ကျောင်းသူများအား Knowledge, Experience, Confidence, Leadership နှင့် Networking Skills များကို တည်ဆောက်ပေးရုံသာမက မိမိတို့၏ အလားအလာများကို ဖော်ထုတ်နိုင်ပြီး အနာဂတ်အခွင့်အလမ်းများအတွက် အဆင်သင့်ဖြစ်လာစေရန် ကူညီပေးသည့် Learning Experience တစ်ခုဖြစ်ပါသည်။