Get In Touch

Productivity ကောင်းကောင်းနဲ့ စာလေ့လာနိုင်ဖို့ဆိုရင်...

Productivity ကောင်းကောင်းနဲ့ စာလေ့လာနိုင်ဖို့ဆိုရင်...

ကျောင်းသားအများစု ကြုံဖူးကြတဲ့ ပြဿနာကတော့ အာရုံစိုက်ပြီး စာလုပ်ဖို့ ခက်ခဲတာပါပဲ။
 ဒီလိုပြဿနာကို ဖြေရှင်းဖို့ ဒါမှမဟုတ် Productivity ကောင်းကောင်းနဲ့ စာလေ့လာနိုင်ဖို့ဆိုရင်...
1️⃣ ပတ်ဝန်းကျင်ကောင်းတစ်ခုကို အရင်ဆုံးရွေးချယ်ပါ။
 
အာရုံစိုက်ပြီး အလုပ်လုပ်/စာလေ့လာဖို့အတွက် ကောင်းမွန်စွာ အာရုံစူးစိုက်လို့ရမယ့် ပတ်ဝန်းကျင်တစ်ခုလိုအပ်ပါတယ်၊
 တိတ်ဆိတ်ပြီး အေးချမ်းတဲ့ နေရာမျိုး၊ စာလေ့လာဖို့ လိုအပ်တဲ့ပစ္စည်းတွေ တစ်စုတစ်စည်းထဲရှိမယ့်နေရာမျိုးပေါ့။
 2️⃣ အာရုံစူးစိုက်နိုင်ဖို့ music လေးတစ်ခုလိုပါလိမ့်မယ်။
 
သီချင်းဖွင့်ထားရင် အာရုံစိုက်နိုင်ပါ့မလားလို့ တွေးမိတဲ့သူတွေအတွက် ဒီလိုရှိပါတယ်၊
 သီချင်းဆိုတာ ကိုယ်ရနေတဲ့သီချင်းတွေမဟုတ်ပဲ Meditation Music/Study Music တို့ကို ပြောတာမျိုးပါ။
 3️⃣ အတွေးထဲမှာ ဘာမှမရှိပါစေနဲ့။
 
ဆိုလိုတာက စာမလုပ်ခင်မှာ ကိုယ်လုပ်စရာရှိတာတွေကို အရင်ပြီးအောင် လုပ်ထားစေချင်တာပါ၊
 စာလုပ်နေစဥ်အတွင်းမှာ ဘာလုပ်ဖို့ရှိသေးတယ်ဆိုတဲ့အတွေးက တကယ့်အနှောင့်အယှက်ပါပဲ။
 ဒီတော့ Productivity ကောင်းကောင်းနဲ့ စာလေ့လာနိုင်ဖို့ အပေါ်ကအချက်တွေအတိုင်း ကြိုးစားလေ့လာကြည့်ဖို့ Brightway မှအကြံပြုလိုက်ပါတယ်နော်။ ‼ 

Productivity ကောင်းကောင်းနဲ့ စာလေ့လာနိုင်ဖို့ဆိုရင်...
Productivity ကောင်းကောင်းနဲ့ စာလေ့လာနိုင်ဖို့ဆိုရင်...